World Pharmacists Day-2024
September 25, 2024, ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာဆေးဝါးအဖွဲ့ချုပ် (FIP) မှကြီးမှုးကျင်းပသော “World Pharmacists Day” သည် နေရာတိုင်းတွင်ကျန်းမာသော လူမှုအသိုင်းအဝန်းများ တည်ဆောက်ရာတွင် ဆေးဝါးပညာရှင်များ၏အရေးပါမှုနှင့် တစ်ကမ္ဘာလုံးတွင် လူနာများ၏ ကျန်းမာရေးလိုအပ်ချက်များဖြစ်သည့် ဆေးဝါးများနှင့်ပတ်သက်၍ ကဏ္ဍအသီးသီးမှ ဝန်ဆောင်မှုပေးနေသည့် Pharmacists များအား အသိအမှတ် ပြုဂုဏ်ပြုသောအားဖြင့် ရည်ရွယ်ကျင်းပသော နေ့တစ်နေ့ဖြစ်ပါသည်။
ယခုနှစ်၏ ဆောင်ပုဒ်မှာ “Pharmacists: Meeting global health needs” ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး စိန်ခေါ်မှုများကိုဖြေရှင်းရာတွင်ဆေးဝါးပညာရှင်များ၏အခန်းကဏ္ဍမှာ အဓိကပါဝင်နေသည်ဟုဆိုသည့်အတိုင်း ဗဟိုရ်စည်ဆေးရုံကြီး၏ Pharmacists များအနေဖြင့် လူနာစောင့်ရှောက်မှုလုပ်ငန်းများတွင် ပဋိဇီဝဆေးဝါးများနှင့်ပတ်သက်ပြီး ယခုထက်ပိုမိုကောင်းမွန် စိတ်ချသောဝန်ဆောင်မှုများဖြင့် ဆက်လက်ပြီး အကောင်းဆုံးဝန်ဆောင်မှုများပေးမည်ဖြစ်ပါကြောင်း ပြောကြားရင်း “World Pharmacists Day” အား ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”