World Laboratory Day
ဧပြီ (၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော World Laboratory Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။
ဗဟိုရ်စည်ဆေးရုံကြီးနှင့်တကွ ကမ္ဘာ့နိုင်ငံဒေသနယ်ပယ်အသီးသီးတွင်လူသားများ၏ ဘဝတိုးတက်ရေးအ တွက် သိပ္ပံဆိုင်ရာသုတေသနဖွံ့ဖြိုးတိုးတက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ စက်မှုထုတ်လုပ်မှုများအပါအဝင် နယ်ပယ်များစွာမှ ဓာတ်ခွဲခန်းများနှင့် ဓာတ်ခွဲကျွမ်းကျင်သူများ၏ အရေးပါမှုကို ကျေးဇူးတင် လေးစားဂုဏ်ပြုသော အားဖြင့် ဗဟိုရ်စည်ဆေးရုံကြီးတွင် World Laboratory Day ကျင်းပပြုလုပ်ပေးနေသည့် ဝမ်းမြောက်ဖွယ် မြင်ကွင်း များအား ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
ဓာတ်ခွဲခန်းများနှင့် ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များမရှိပါက ဆေးဘက်ဆိုင်ရာ၊ သိပ္ပံပညာနှင့် နည်းပညာ တိုးတက်မှုများရှိလာနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ” World Laboratory Day” အထိမ်းအမှတ်အဖြစ် ဗဟိုရ်စည်ဆေးရုံ ကြီး၏ Laboratory Department တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသော ထူးချွန်ဝန်ထမ်းများနှင့် American Society of Clinical Pathology Certificate ရရှိအောင်မြင်ထားသော Medical Technologist များကို ဆုများချီးမြှင့်ခြင်းဖြင့် ဂုဏ်ပြုလိုက်ရပါသည်။
ဗဟိုရ်စည်ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် “ World Laboratory Day” အားဂုဏ်ပြုသောအားဖြင့် တက် ရောက်ချီးမြှင့်ကြသော ဗဟိုရ်စည်ဆေးရုံကြီး၏ Pathologist, MD, Executive Director, HR Director, Clinical Director များနှင့်တကွ ဌာနအကြီးအကဲများ၊ ဝန်းထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
World Laboratory Day ဂုဏ်ပြုပွဲအတွက် Sponsor ပေးသည့် Grand Medi Core Co.,Ltd, OKKAR THIRI Co.,Ltd, Moe Thitsar Myay Co.,Ltd, Amd Trading Co.,Ltd, Sea Lion Co.,Ltd, Nang Shwe Yin & Group Co.,Ltd, Nazco Trading Co.,Ltd မှတာဝန်ရှိသူများအား ဗဟိုရ်စည်ဆေးရုံကြီးက အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 09441144886 (Officer Hour)
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com