World Hepatitis Day July 28. 2024 (ကမ္ဘာအသည်းရောင်ရောဂါနေ့)
ကမ္ဘာ့အသည်းရောင်ရောဂါနေ့ကို နှစ်စဉ် ဇူလိုင်လ (၂၈) ရက်နေ့တွင် ပုံမှန်ကျင်းပပြုလုပ်လေ့ရှိပါသည်။ အသည်းရောင်ဗိုင်းရပ်စ်ရောဂါသည် အသည်းကင်ဆာအပါအဝင် ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပြီး အသည်းရောင်ရောဂါဖြင့်ဆက်နွယ်၍ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်း ၃၀၀ ကျော်ကိုထိခိုက်စေပြီး နှစ်စဉ် လူပေါင်း ၁ သန်းကျော် သေဆုံးစေသည်ဟု CDC ကဖော်ပြထားပါသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ ရောဂါကင်းစင်စေရန် ရည်ရွယ်၍ကျင်းပသော World Hepatitis Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက် စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည် ခင်ဗျာ။
အသည်းရောင်ရောဂါဗိုင်းရပ်စ်၏ အဓိကဗိုင်းရပ်စ် (၅) မျိုးမှာ A, B, C, D နှင့် E တို့ဖြစ်၍ အသည်းရောင်ရောဂါ B (HBV) နှင့် C (HCV) တို့သည်အဖြစ်များဆုံးဖြစ်ပြီး မိမိတွင် အသည်းရောင်အသားဝါရောဂါ ဘီပိုး၊ စီပိုး ရှိမှန်းမသိခြင်း၊ သိသော်လည်း စနစ်တကျ အချိန်မီကုသမှု မခံယူခြင်းနှင့် ဘီပိုးကာကွယ်ဆေးစနစ်တကျ မထိုးထားခြင်းတို့ကြောင့် နာတာရှည်အသည်းရောင်ခြင်းကြောင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်စေနိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိဖြစ်လာနိုင်ပါသည်။
ထို့ကြောင့် အသည်းရောင်ရောဂါ ဘီပိုး၊ စီပိုး (ရှိ/မရှိ) အမြန်ဆုံးစစ်ဆေး၍ ဘီပိုးအတွက် ကာကွယ်ဆေးထိုးခြင်း၊ အစားအသောက်အနေအထိုင် ဆင်ခြင်ခြင်းတို့ဖြင့် လိုအပ်ပါက ကုသမှုခံယူခြင်းတို့ကို ပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်ခင်ဗျာ။
“ အသည်းရောင် (B) ပိုးကာကွယ်ဆေးထိုးခြင်းအတွက် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ OPD ဌာနနှင့် Emergency ဌာနတို့တွင် အသက်အရွယ်အလိုက် ဘီပိုး (HBV) Vaccine ကာကွယ်ဆေးထိုးခြင်းကို ဆောင်ရွက်ပေးနေပါသည်။”
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 09441144886 (Officer Hour)
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။