⛳️World Hepatitis Day July 28. 2024 (ကမ္ဘာအသည်းရောင်ရောဂါနေ့)

ကမ္ဘာ့အသည်းရောင်ရောဂါနေ့ကို နှစ်စဉ် ဇူလိုင်လ (၂၈) ရက်နေ့တွင် ပုံမှန်ကျင်းပပြုလုပ်လေ့ရှိပါသည်။ အသည်းရောင်ဗိုင်းရပ်စ်ရောဂါသည် အသည်းကင်ဆာအပါအဝင် ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပြီး အသည်းရောင်ရောဂါဖြင့်ဆက်နွယ်၍ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်း ၃၀၀ ကျော်ကိုထိခိုက်စေပြီး နှစ်စဉ် လူပေါင်း ၁ သန်းကျော် သေဆုံးစေသည်ဟု CDC ကဖော်ပြထားပါသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ ရောဂါကင်းစင်စေရန် ရည်ရွယ်၍ကျင်းပသော World Hepatitis Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက် စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည် ခင်ဗျာ။

👉အသည်းရောင်ရောဂါဗိုင်းရပ်စ်၏ အဓိကဗိုင်းရပ်စ် (၅) မျိုးမှာ A, B, C, D နှင့် E တို့ဖြစ်၍ အသည်းရောင်ရောဂါ B (HBV) နှင့် C (HCV) တို့သည်အဖြစ်များဆုံးဖြစ်ပြီး မိမိတွင် အသည်းရောင်အသားဝါရောဂါ ဘီပိုး၊ စီပိုး ရှိမှန်းမသိခြင်း၊ သိသော်လည်း စနစ်တကျ အချိန်မီကုသမှု မခံယူခြင်းနှင့် ဘီပိုးကာကွယ်ဆေးစနစ်တကျ မထိုးထားခြင်းတို့ကြောင့် နာတာရှည်အသည်းရောင်ခြင်းကြောင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့ကို ဆက်လက်ဖြစ်ပေါ်စေနိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိဖြစ်လာနိုင်ပါသည်။

🩺🩺ထို့ကြောင့် အသည်းရောင်ရောဂါ ဘီပိုး၊ စီပိုး (ရှိ/မရှိ) အမြန်ဆုံးစစ်ဆေး၍ ဘီပိုးအတွက် ကာကွယ်ဆေးထိုးခြင်း၊ အစားအသောက်အနေအထိုင် ဆင်ခြင်ခြင်းတို့ဖြင့် လိုအပ်ပါက ကုသမှုခံယူခြင်းတို့ကို ပြုလုပ်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်ခင်ဗျာ။

💉💉“ အသည်းရောင် (B) ပိုးကာကွယ်ဆေးထိုးခြင်းအတွက် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ OPD ဌာနနှင့် Emergency ဌာနတို့တွင် အသက်အရွယ်အလိုက် ဘီပိုး (HBV) Vaccine ကာကွယ်ဆေးထိုးခြင်းကို ဆောင်ရွက်ပေးနေပါသည်။”

#worldhepatitisday #liverhealthcare #Bahosihospital

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”