🤱World Breastfeeding Week
 
ကမ္ဘာ့တစ်ဝန်းတွင် နို့တိုက်မိခင်များနေ့ကို နှစ်စဉ် ဩဂုတ်လ (၁) ရက်နေ့မှ ဩဂုတ်လမှ (၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ မိမိရင်သွေးငယ်များ၏ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေရန်အတွက် မွေးဖွားချိန်ပထမ ခြောက်လအတွင်းသီးသန့် မိခင်နို့တိုက်ခြင်းကိုမြှင့်တင်ရန်ရည်ရွယ်ချက်နှင့် အနည်းဆုံး (၁)နှစ် နှင့် (၂)နှစ် သို့မဟုတ် ထိုထက်မက မိခင်နို့တိုက်ကျွေးခြင်းကိုပြုလုပ်နိုင်ရန်အတွက် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
 
🤱မိခင်နို့တိုက်ကျွေးခြင်းအကျိုးကျေးဇူးများမှာ
👉ကလေး၏ပထမဦးဆုံးခြောက်လအတွက်လိုအပ်သမျှ အာဟာရများကို ဖြည့်ဆည်းပေးပြီးအရွယ်ရောက် ကြီးပြင်းလာပြီးနောက်ပိုင်း အဝလွန်နိုင်ခြေနှင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေနိုင်ခြင်း၊
👉မွေးကင်းစကလေးများနှင့် နို့စို့ကလေးများတွင် သေဆုံးမှုကိုလျော့နည်းစေပြီး ကလေးငယ်များ၏ ကျန်းမာရေးနှင့် ဦးနှောက်ဖွံ့ဖြိုးမှု၊ အရိုးဖွံ့ဖြိုးမှု အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ခြင်း၊
👉မိခင်နို့တွင် ပဋိပစ္စည်းများပါဝင်ပြီး ကူးစက်ရောဂါတိုက်ဖျက်ရန် ကူညီပေးသည့် သွေးဆဲလ်ဖြူများလည်းပါရှိခြင်းကြောင့် အသက်ရှူလမ်းကြောင်းကူးစက်ခြင်း၊ အစာအိမ်ရောင်ရောဂါနှင့် Necrotizing Enterocolitis တို့အပါအဝင် ကလေးငယ်၏ သာမန်ကလေးရောဂါအန္တရာယ်ကို လျော့နည်းစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေနိူင်ပါသည်ခင်ဗျာ။
 
🤱🤱မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်များ၏ ပထမဆုံးကာကွယ်ဆေးအဖြစ်လည်းဆောင်ရွက်ပြီး ကလေးဘဝရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။‎ ရင်သွေးငယ်များ အနာရောဂါကင်းဝေးပြီးကျန်းမာပျော်ရွှင် ခွန်အားပြည့်စေဖို့အတွက် မိခင်နို့ရည်ကို မိမိရင်သွေးအားတိုက်ကျွေးရန် နှိုးဆော်သောအားဖြင့် ဩဂုတ်လ ၁ ရက်မှ ၇ ရက်အထိတွင် ကျရောက်သော “World Breastfeeding Week” အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”