World Arthritis Day 2024

နှစ်စဉ် အောက်တိုဘာ ၁၂ ရက်နေ့တွင်ကျင်းပသော World Arthritis Day သည် အဆစ်အမြစ်ရောင်ရောဂါ၏ အကျိုးသက်ရောက်မှုကို သိရှိစေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင်လူသန်းပေါင်းများစွာသည် အဆစ်အမြစ်ရောင်ရောဂါကိုခံစားနေရပြီး အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုအဖြစ်များကြောင်း WHO ကဖော်ပြထားပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Informed Choices, Better Outcomes” ဖြစ်ပါသည်။ ယခုခေတ်သည် ကျန်းမာရေးနှင့် ပတ်သက်ပြီး ကုသမှုရွေးချယ်စရာများ များပြားလာသည်နှင့်အမျှ အကောင်းဆုံးရွေးချယ်မှုနှင့်အတူ ပိုမိုကောင်းမွန်သောရလဒ်များ ရရှိနိုင်ရန်အရေးကြီးပါသည်။ ထို့ကြောင့် အဆစ်အမြစ်ရောင်ရောဂါနှင့်ပတ်သက်ပြီး ကုသမှုပိုင်းဆိုင်ရာတွင် အကောင်းဆုံးရွေးချယ်ကုသနိုင်ပြီး အဆစ်အမြစ်ရောင်ရောဂါကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန် ရည်ရွယ်၍ကျင်းပသော World Arthritis Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”