Holter ECG (Long -Term Heart Monitoring)
မင်္ဂလာပါခင်ဗျာ
ဗဟိုရ်စည်ဆေးရုံကြီးတွင် Holter ECG ဝန်ဆောင်မှုကို 24 hr. ECG Holter (သို့မဟုတ်) 48 hr. ECG Holter စက်များ လူနာကိုယ်ပေါ်တပ်ဆင်ပေး၍ လူနာ၏နှလုံးအခြေအနေကို စဉ်ဆက်မပြတ် မှန်ကန်တိကျသောအဖြေများ မှတ်သားအဖြေထုတ်ပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။
Holter ECG ဆိုတာဘာလဲ?
လူတစ်ယောက်၏ နှလုံးခုန်နှုန်းနှင့် နှလုံးစည်းချက် မှန်/မမှန် (၂၄) နာရီ ခန္ဓာကိုယ်တွင်တပ်ဆင်၍ မှတ်တမ်းတင် စောင့်ကြည့်ပေးသော စက်ကိရိယာ (အိတ်ဆောင် ECG စက်) ဖြစ်ပါသည်။
Holter ECG တပ်ဆင်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးတွေကဘာတွေလဲ?
နှလုံးခုန်နှုန်း အရမ်းနှေးခြင်း (Bradycardia)၊
နှလုံးခုန်နှုန်း အရမ်းမြန်ခြင်း (Tachycardia)၊
နှလုံးခုန်နှုန်း မူမမှန်ခြင်း (Arrhythmia)၊
စသည်တို့ကို သိရှိနိုင်ခြင်းဖြင့် ပြင်းထန်သော နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ သွေးခဲပိတ်ခြင်း၊ နှလုံးရုတ်တရက် ရပ်ပြီးသေဆုံးခြင်းတို့ကို ကြိုတင်ကာကွယ်ကုသနိုင်သော အကျိုးကျေးဇူးများကိုရရှိစေနိုင်မည်ဖြစ်ပါသည်။
ဘယ်လို ရောဂါလက္ခဏာရှိသူတွေ Holter ECG လုပ်သင့်ပါသလဲ?
နှလုံးခုန်မမှန်ဘဲ ရင်ထဲ တလှပ်လှပ် ခံစားနေရသူများ၊
ခြေ၊ လက် မသယ်ချင်လောက်အောင် ပင်ပန်းနုံးချိနေသူများ၊
ရင်တုန်ပြီး ခေါင်းအမြဲမူးနေသူများ၊
အသက်ရူမဝဖြစ်နေသူများ၊
ရင်ဘတ်အောင့်နေသူများ၊
ရုတ်တရက် မကြာခဏမေ့လဲသူများ၊
လေဖြန်းချင်သူများ၊
စသည့် အထက်ပါလက္ခဏာများ ခံစားနေရပြီဖြစ်ပါက Holter ECG စက်ဖြင့်ရောဂါရှာဖွေသင့်ပါသည်။
Holter ECG ဘယ်လိုအသုံးပြုရမလဲ?
အထွေထွေသမားတော်၊ နှလုံးအထူးကုသမားတော်များနှင့် အရင်တိုင်ပင်ပြီး သမားတော်မှ Holter ECG တပ်ဆင်၍ ရောဂါရှာဖွေခိုင်းပါက ဗဟိုရ်စည်ဆေးရုံကြီးမှ အောက်ပါအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
Holter ECG အတွက် ရင်ဘတ်တွင် Chest Leads များပြုတ်မကျအောင် စနစ်တကျတပ်ဆင်ပေးခြင်း၊
Holter ECG တပ်ဆင်နေစဉ်အတွင်း ဆောင်ရန်၊ ရှောင်ရန်တို့ကို အထူးမှာကြားပေးခြင်း (Holter Monitor ECG စက် တပ်ဆင်ထားချိန်တွင် ရေမထိရန်လိုအပ်ခြင်း၊ လျှပ်စစ်ကြိမ်နှုန်းများကို အနှောက်အယှက်ပေးနိုင်သည့် မိုဘိုင်းဖုန်းများ၊ လျှပ်စစ်သံလိုက်ပစ္စည်းများ၊ မိုက်ခရိုဝေ့ပ်စက်များ အသုံးမပြုသင့်ခြင်း) ၊
ပြန်လာ၍ Report ထုတ်ရမည့်နေ့ရက် အချိန်အတွက် ရက်ချိန်းပေးခြင်း၊
သက်ဆိုင်ရာ အထွေထွေသမားတော်၊ နှလုံးအထူးကုသမားတော်နှင့် ပြန်ပြနိုင်ရန် စီစဉ်ပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
Holter ECG စစ်ဆေးခြင်းဖြင့်
ပုံမှန် ECG ဆွဲပြီး စစ်ဆေးခြင်းထက် ပို၍တိကျသော အဖြေထုတ်ပေးနိုင်ခြင်း၊
ဘေးထွက်ဆိုးကျိုး လုံးဝ မရှိခြင်း၊
ဆေးရုံတက်စရာ မလိုခြင်း၊
Holter Monitor ECG စက်တပ်ဆင်ထားချိန်တွင် နေစဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
ထို့ကြောင့် သင်နှင့် သင့်မိသားစု၏ နှလုံးကျန်းမာရေးအတွက် ဗဟိုရ်စည်ဆေးရုံကြီးနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အကြံပေးဖိတ်ခေါ်အပ်ပါသည်။ England နိုင်ငံမှ တင်သွင်းသော စက်ကို အသုံးပြုပြီး နံနက် 8:00 AM မှ ညနေ 4:00 PM အတွင်း ဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးနေပါသည်။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
Phone-01-2300631(Hot Line),
Email: bahosihospital@gmail.com
Webmail: bahosihospital@bahosihospital.com
Website: www.bahosihospital.com
အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
#Holtermonitor #holterecg #SpecialDiscount #Bahosihospital