Obstructive Sleep Apnoea (OSA)
⛳️OSA
👉အဆိုပါရောဂါသည် ညအိပ်ပျော်နေစဥ် လေပြွန်ရှိကြွက်သားများပြေလျော့သွားကာ အသက်ရှုလမ်းကြောင်း ပိတ်သွားခြင်းဖြစ်သည်။ အသိသာဆုံးလက္ခဏာမှာ အိပ်ပျော်နေစဥ်ဟောက်ခြင်းဖြစ်သည်။ OSA တွင် ထိုအသက်ရှုရပ်ခြင်းသည် တစ်ခါရပ်လျှင် ၁၀ စက္ကန့်မှ ၁ မိနစ်ကျော်အထိဖြစ်ပေါ် နိုင်ပြီး တစ်ညလုံးတွင်အကြိမ်များစွာ ရာချီ၍ဖြစ်ပေါ်နေတတ်သည်။