SILVER PACKAGE

ယနေ့အချိန်အခါ မိမိတို့ပတ်ဝန်းကျင်တွင် ကူးစက်စေသောရောဂါများ (သို့) မကူးစက်စေသောရောဂါများ (ဥပမာ-ကင်ဆာ/ အဝလွန်/နှလုံး)ဖြစ်ပွားမှုများသည် အသက်အရွယ်၊ ကျား/မ မရွေးပိုမိုများပြားစွာဖြစ်ပွား သေဆုံးလျက်ရှိနေသည်ကို တွေ့ မြင်နေရပါတယ်။

“ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်ကောင်းမွန်သည်” ဆိုသည့်အတိုင်း မိမိတွင်ဖြစ်ပေါ်နိုင်သော ရောဂါများကို ကြိုတင်သိရှိမှသာ ကာကွယ်ခြင်း၊စောလျင်စွာထိန်းချုပ်ကုသခြင်းဖြင့် အကုန်အကျနည်းပါးစွာ မိမိ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတို့ဖြင့် သက်တမ်းစေ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်ပါတယ်။

Medical Check-up ပုံမှန်လုပ်ဆောင်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါတယ်-

  • ရောဂါဖြစ်စေနိုင်သော Risk ကိုလျော့ချနိုင်ခြင်း၊
  • ရောဂါကို ဆောလျင်စွာသိရှိနိုင်ခြင်း၊
  • ရောဂါကို ဆောလျင်စွာ ကုသနိုင်ခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်ခြင်း၊
  • မိမိရှိရင်းစွဲရောဂါ အခံ၏ နောက်ဆက်တွဲဆိုးကျိုးကို စောင့်ကြည့်ထိန်းချုပ်နိုင်ခြင်း၊
  • မိမိကျန်းမာရေးအခြေအနေကို မျက်ခြေမပျက် စောင့်ကြည့်နေနိုင်ခြင်း၊
  • ရောဂါရင့်မှ ကုသရခြင်းထက် ကုန်ကျမှုစရိတ်သက်သာစေခြင်း၊
  • မိမိကျန်းမာရေးအတွက် ဆရာဝန်များဖြင့် ပိုမိုတိုင်ပင်နိုင်ခြင်း၊
  • အသက်ရှည်ရာ အနာမဲ့ကြောင်းဖြင့် Quality of Life ကို ပိုမိုရရှိနိုင်ခြင်း ဆိုတဲ့အကျိုးကျေးဇူများကိုရရှိစေနိုင်မှာဖြစ်ပါတယ်။

အနယ်နယ်အရပ်ရပ်က မိဘပြည်သူများ၏ကျန်းမာရေးနှင့်ပတ်သက်သည့်ကိစ္စအဝဝကိုသိရှိစေရန်အတွက် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up Unit တွင်  အသက်(၁၄)နှစ် မှ (၃၀) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက် Silver Package များဖြင့်စစ်ဆေးနိုင်မည် ဖြစ်ပြီး ခေတ်မီစက်ကိရိယာများကိုအသုံးပြုကာ ကျွမ်းကျင်သောဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။ Medical Check-Up ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရောဂါအခြေအနေများကိုသိရှိနိုင်ပြီး ထိုသို့သိရှိပြီးပါက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

Program(အစီအစဉ်)
Age(အသက်အပိုင်းအခြား)
Silver Package
14-30
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း နှင့် စစ်ဆေးမှုမှတ်တမ်း Physical Examination & Reporting
 
သွေးဆဲလ်များအားဓါတ်ခွဲစစ်ဆေးခြင်း Complete Blood Picture
 
အစာမစားမီ သွေးထဲရှိသကြားဓါတ်အားတိုင်းတာခြင်း FBS
 
အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း (Liver Function Test) SGPT
 
ဂေါက်၊ ဒူလာရောဂါ (ရှိ/မရှိ)စစ်ဆေးခြင်း Uric Acid
 
သွေးထဲရှိအဆီဓါတ်တိုင်းတာခြင်း(Lipid Profile) Cholesterol
 
ဆီးစစ်ဆေးခြင်း Urine Exam
 
ရင်ဘတ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း Digital Chest X-ray(PA)
 
အီးစီဂျီစစ်ဆေးခြင်း ECG
 
ဝမ်းဗိုက်တစ်ခုလုံးအားအသံလှိုင်းသုံးရောဂါရှာဖွေခြင်း USG(Abd+Pelvis)
 

သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)

  1. ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
  2. သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
  3. ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
  4. ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။

BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)