Bone DEXA

⛳️Bone DEXA Scan (အရိုးပွရောဂါ တိုင်းတာစစ်ဆေးခြင်း)

🔹Bone DEXA ဆိုသည်မှာ အရိုးသိပ်သည်းဆကိုတိုင်းတာသည့် ပုံရိပ်စမ်းသပ်ချက်တစ်ခုဖြစ်ပါသည်။ လူများသည်အသက်ကြီးလာသည်နှင့်အမျှ ကယ်လ်စီယမ်ဓာတ်များဆုံးရှုံးလာပြီး အရိုးပွရောဂါများဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် အရိုးထိခိုက်ကျိုးလွယ်မှုများ မဖြစ်ပေါ်စေရန်နှင့် ခန္ဓာကိုယ်အတွင်းရှိ အရိုးနှင့်ပတ်သက်ပြီး အန္တရာယ်ဖြစ်စေနိုင်သော အသေးစိတ်အချက်အလက်များကို ကြိုတင်သိရှိနိုင်ရန်အတွက် Bone DEXA Scan ရိုက်ကြည့်ခြင်းဖြင့် အရိုးပွရောဂါ၏အဆင့်ကိုတိကျစွာသိရှိနိုင်မှာဖြစ်ပြီး ထို့သို့သိရှိပြီးပါက သက်ဆိုင်ရာ ဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ကာ ကြိုတင်ကုသမှုခံယူနိုင်မည်ဖြစ်ပါသည်ခင်ဗျာ။ 

🔹အရိုးပွရောဂါ (Osteoporosis)သည် အသက်အရွယ်ကြီးသော အမျိုးသမီးများတွင် အဖြစ်များတတ်သော်လည်း အမျိုးသားများတွင်လည်းဖြစ်နိုင်ပါသည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးသိပ်သည်းဆလည်း တဖြည်းဖြည်းကျလာတတ်ပါသည်။ တစ်ခါတစ်ရံ မည်သည် လက္ခဏာမှမပြပဲ သာမာန်ထိခိုက်မှုလေးဖြင့် အရိုးကျိုးမှသာ သိရှိတတ်ကြပါသည်။ အထူးသဖြင့် ‌တင်ပဆုံရိုး၊ ကျောရိုးမကြီးနှင့် လက်ကောက်ဝတ်ရိုးတို့တွင် အဖြစ်များတက်ပါသည်။

⛳️ဘယ်လိုလူတွေအဖြစ်များလည်း❓

👉အသက် (၅၀) ကျော် အမျိုးသမီးများ(အထူးသဖြင့် သွေးဆုံးပြီးသောအမျိုးသမီးများ)၊

👉မိသားစုတွင် အရိုးပွရောဂါ ဖြစ်ဖူးသောရာဇဝင်ရှိသူများ၊

👉အကြောင်းအမျိုးမျိုးကြောင့်သားမျိုးဥ (၂)ဖက်စလုံးထုတ်ထားရသူများ၊

👉အချိန်စောလျင်စွာ သွေးသားဆုံးသူများ၊

👉အစားအသောက်တွင် ကယ်လ်စီယမ်ဓာတ်မပြည့်ဝစွာစားသုံးသူများ၊

👉ကိုယ်လက်လေ့ကျင့်ခန်း အလုပ်နည်းသူများ၊

👉ဆေးလိပ်သောက်သုံးသူများ၊

👉အရိုးပွစေသော ဆေးများရေရှည်စွဲသောက်နေရသူများ၊

👉မိမိပင်ကိုယ် အရိုးအဆစ်သေးသောသူများ၊

⛳️ဘယ်လိုစစ်ဆေးရမလည်း❓

မိမိတွင် အထက်ပါ အကြောင်းအရာများနှင့်တိုက်ဆိုင်နေပါက-

✅အရိုးဖြစ်တည်မှုနှင့်သက်ဆိုင်သော သွေးစစ်ဆေးမှုများ (သက်ဆိုင်ရာဆရာဝန်နှင့်ပြသ စစ်ဆေး၍ရပါသည်။)

✅အရိုးသိပ်သည်းဆကို ပုံရိပ်ဖော်တွက်ချက်တိုင်တာခြင်း (Bone Density Test)

⛳️အရိုးသန်မာစေရန် ဆောင်ရန်/ရှောင်ရန်

✅ (Calcium နှင့် Vitamin D ပါဝင်သော အစားအစာများ လုံလောက်စွာစားသုံးသင့်ပါသည်။ (လိုအပ်ပါက အဆိုပါ ဓာတ်များပါဝင်သောဆေးများသောက်သုံးသင့်ပါတယ်)

✅Weight Bearing Exercise များကိုပုံမှန် ဆောင်ရွက်သင့်ပါတယ်။

✅အလေးမခြင်း၊ချော်လဲခြင်း စသည်တို့မဖြစ်စေရန် ဂရုစိုက်သင့်ပါတယ်။

✅ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းတို့ကို ရှောင်ကြဥ်သင့်ပါတယ်။

✅အရိုးပွစေနိုင်သော အကြောင်းအရာ တစ်ခုခုရှိပါက အရိုးပွခြင်းရှိ/မရှိ ပုံမှန်စစ်ဆေးသင့်ပါသည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်ဖြင့် စနစ်တကျ ပြသကုသသင့်ပါသည်။

မိမိကိုယ်ကို အရိုးပွရောဂါအတွက်သံသယ ကင်းစွာနေ့စဥ်ဘဝကိုဖြတ်သန်းနိုင်စေရန် အရိုးပွခြင်းစမ်းသပ်စစ်ဆေးမှုများဖြစ်သောသွေးစစ်ခြင်းနှင့် (Bone DEXA Scan) ရိုက်ခြင်းအား ဗဟိုရ်စည်ဆေးရုံတွင် ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိပါသည်။

“လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”