ပူပြင်းသောနွေရာသီတွင် ကျန်းမာစွာနေထိုင်ခြင်း
ယခုလိုပူပြင်းသောနွေရာသီတွင် အပူချိန်မြင့်တက်လာသောကြောင့် အပူချိန်ကိုနေ့စဉ်နေ့တိုင်း တော်တော်လေးခံ စားနေကြရပါသည်။ ထို့ကြောင့်နေပူထဲတွင်သွားလာနေသူများ၊ နေပူထဲတွင် အလုပ်လုပ်နေကြသောသူများ၊ အိမ်မှနေ ပြီးအပြင်ထွက်သူများ၊ ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများအတွက် ရာသီဥတုပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ရောဂါ အခြေအနေများနှင့်အပူဒဏ်ကိုကာ ကွယ်နိုင်မည့်နည်းလမ်းများကို ဗဟုသုတအလို့ငှာ ဖေါ်ပြပေး လိုက်ပါသည်ခင်ဗျာ။
နွေရာသီတွင် ခန္ဓာကိုယ်အတွက်အပူလွန်ကဲမှုကို ကာကွယ်ရန်အခြေအနေများ-
နွေရာသီအပူလွန်ကဲမှုကို ကာကွယ်ရန်လုပ်ဆောင်မှုများမှာ
ရေဓာတ်ပြည့်ဝအောင်နေပါ၊ ရေဓာတ်ခမ်းခြောက်မှုကိုကာကွယ်ရန် ရေများများသောက်ပါ၊ ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားသော ဓာတ်ဆားများကို အစားထိုးရန် Electrolytes ပါဝင်သော အချိုရည်များကို သောက်နိုင်ပါသည်။
ခန္ဓာကိုယ်ကို အေးမြစေဖို့အတွက် ပေါ့ပါးပြီးအရောင်ဖျော့ဖျော့ အဝတ်အစားများကိုဝတ်ဆင်ပါ။ ချည်သို့မဟုတ် ပိတ်စကဲ့သို့သော လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးသောအဝတ်အစားများကိုရွေးချယ်ဝတ်ဆင်ပါ၊
အရိပ်ရ၍အေးမြသောနေရာတွင်နေပါ၊
နေခင်းဘက်အပူဆုံးအချိန်များတွင် အပြင်ထွက်ခြင်းအားရှောင်ကြဉ်ပါ (များသောအားဖြင့် မနက် ၁၀ နာရီမှ ည နေ ၄ နာရီကြား) အပြင်ထွက်သည့်အခါတိုင်း အပူဒဏ်ကာကွယ်နိုင်မည့်အရာများကို ယူဆောင်သွားပါ၊(ထီး၊ ဦးထုပ်၊ နေကာမျက်မှန်)
အပူဓာတ်ရှိသောအစားအစာများကို ရှောင်ကြဉ်ပြီး အအေးဓာတ်ရှိသော အစားအစာများကို ရွေးချယ်စားသုံးပါ၊
နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုုးခြင်းကို ရှောင်ကြဉ်ပါ၊
ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့ ချက်ခြင်းဝင်ရောက်ခြင်း၊ အလွန်အေး သောအခန်းနှင့်ကားအတွင်းမှ ပူပြင်းသောနေရောင်ထဲသို့ ချက်ခြင်းထွက်ခြင်းကို ရှောင်ကြဉ်ပါ၊
အရက်နှင့် ကဖိန်းဓာတ်များကို ရှောင်ကြဉ်ပါ အရက်နှင့်ကဖိန်းဓာတ်သည် ရေဓာတ်ခန်းခြောက်စေကာ အပူဒဏ်ကို ပိုမိုခံစားရစေနိုင်ပါသည်။
ပူပြင်းသောနွေရာသီတွင် အပူရှပ်ခြင်းကိုဂရုပြုပါ
အပူရှပ်ခြင်းသည် သင့်ခန္ဓာကိုယ် အပူလွန်ကဲသောအခါ ဖြစ်ပွားနိုင်သည့် ပြင်းထန်သော ကျန်းမာရေး အခြေအနေ တစ်ခုဖြစ်ပါသည်။ မြင့်မားသောအပူချိန်နှင့်ထိတွေ့ပြီး ခန္ဓာကိုယ်တွင် ရေဓါတ်၊ ဓါတ်ဆားဓါတ်များ အလုံအလောက် မရှိသည့်အခါ ဖြစ်ပွားနိုင်ပါသည်။
အပူချိန်မြင့်မားခြင်းကြောင့်ဖြစ်ပေါ်လာသောလက္ခဏာများမှာ
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း(Heat Exhaustion)-ကိုယ်အပူချိန်မြင့်မားခြင်း၊ ခေါင်းမူးခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ပျို့အန်ခြင်း၊ အလွန်အမင်းရေဆာခြင်း၊ ကြွက်တက်ခြင်းနှင့် နုံးချိပျော့ခွေခြင်း တို့ပါဝင်ပါသည်။
အပူဒဏ်ကြောင့်သတိလစ်ခြင်း(Heat Stroke)-ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း၊ အရေပြားပူ၍ ခြောက်သွေ့ခြင်း(သို့)ချွေးခန်းခြောက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ သတိလစ်ခြင်းတက်ခြင်း၊ ဤလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့သွားပြီးချက်ချင်း ဆေးကုသမှုခံယူသင့်ပါသည်။ ဤအကြံ ပြုချက်ကို လိုက်နာခြင်းဖြင့် အပူဒဏ်ကိုကာကွယ်နိုင်ပြီး ပူပြင်းသောရာသီတွင် ကျန်းမာစွာနေနိုင်မည်ဖြစ်ပါသည် ခင်ဗျာ။
အရေးပေါ်ရှေးဦးပြုစုခြင်း
လူနာကိုအရိပ်ရ၍အေးမြသောနေရာသို့ရွှေ့ထားပါ၊ လေပန်ကာ လေအေးပေးစက်ဖွင့်ထားပါ၊ ယပ်ခတ်ပေးပါ၊ လူနာ၏ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ၊ လူနာ၏အဝတ်အစားများကိုချွတ်ပါ၊ လူနာ၏လည်ပင်း ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဘက်တို့ကို ရေပတ်တိုက်ပါ၊ လူနာကောင်းစွာသတိရနေပါက ရေးအေး (သို့) ဓါတ်ဆားရည်တိုက်ပါ၊
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
Phone- 01-2300631(Hot Line), 2300502 to 2300514, Ext-4001, 4002, 4010
Email: bahosihospital@gmail.com
Web Mail: bahosihospital@bahosihospital.com
Website: www.bahosihospital.com
အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။