Sleep Study ဆိုသည်မှာ အိပ်ပျော်နေစဥ် စက်တပ်၍ ခန္ဓာကိုယ်တွင်ဖြစ်ပေါ်နေသာ အိပ်စက်ခြင်းနှင့်ပတ်သက်သည့်ဇီဝကမ္မ အနေထားများကိုတိုင်းတာခြင်းဖြစ်သည်။ အဓိကအားဖြင့် အိပ်ပျော်နေစဥ် အသက်ရှုရပ်/မရပ်၊ သွေးတွင်း အောက်စီဂျင်ကျ/မကျ၊ အသက်ရှုနှုန်း နှင့် နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ အသက်ရှုရပ်သွားပါကလည်းရပ်သွားသည့် ကြာချိန်နှင့်ရပ်တန့်မှုအမျိုးအစား၊ အိပ်နေစဥ်နိုး /မနိုး၊ ဟောက်/မဟောက်၊ ခန္ဓာကိုယ်ပုံစံ အနေအထား၊ ရင်ဘတ်နှင့်ဝမ်းဗိုက်လှုပ်ရှားမှုများကို တိုင်းတာမှတ်သားထားခြင်းဖြစ်သည်။ အဆင့်မြင့်တိုင်းတာမှုများတွင် ဦးနှောက်လှိုင်းများ (EEG)၊ နှလုံးခုန်လှိုင်းများ (ECG) ၊ ခြေလက်လှုပ်ရှားမှုများ၊ ခန္ဓာကိုယ်လှည့်ခြင်း စသည်တို့ကိုပါ အတိအကျတိုင်းတာမှတ်တမ်းတင်စစ်ဆေးမှုတစ်ခုဖြစ်ပါသည်။
♦Phone-01-2300631(Hot Line)
♦Phone-09-940730301
♦အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။