PRE-PREGNANCY PACKAGE
ကိုယ်ဝန်မဆောင်ခင်ကျန်းမာရေးစစ်ဆေးခြင်း
ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်ပြီး လအနည်းငယ်ကတည်းက အစီစဉ်စွဲထားသောအမျိုးသမီးများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီစဉ်သည်လည်းတစ်ခုအပါအဝင်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ခြင်းမပြုမီ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ညွှန်ကြားချက်အတိုင်း မိမိကျန်းမာရေးကိုကြိုတင်စစ်ဆေးဖြင့် ချောမွေ့သောကိုယ်ဝန်နှင့် ကျန်းမာသန်စွမ်းသောကလေးငယ်များမွေးဖွားလာနိုင်ရန်အတွက် များစွာအထောက်အကူပြုနိုင်ပြီး မိခင်နှင့် ကလေးနှစ်ဦးစလုံးအတွက် မလိုလားအပ်သောရောဂါဝေဒနာ မဖြစ်ပေါ်လာနိုင်ရန်အတွက်လည်း ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Pre-pregnancy Medical Check-Up Package များဖြင့် ကျွမ်းကျင်သောဆရာဝန်ဆရာမများ နှင့် ကျန်းမာရေးဝန်ထမ်းများက ခေတ်မီစက်ကိရိယာများကိုအသုံးပြု၍ အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။
Pre-Pregnancy Check up Package(ကိုယ်ဝန်မဆောင်ခင်ကျန်းမာရေးစစ်ဆေးခြင်း)တွင် တိုင်းတာစစ်ဆေးနိုင်မည့်အစီအစဉ်များမှာ
- Physical Examination(ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း)၊
- CP(သွေးဆဲလ်များအားဓာတ်ခွဲစစ်ဆေးခြင်း)၊
- ABO/Rh Grouping(သွေးအုပ်စုစစ်ဆေးခြင်း)၊
- FBS(သွေးထဲရှိ သကြားဓာတ်အားတိုင်းတာခြင်း)၊
- 2HPPBS(အစာစားပြီး(၂)နာရီကြာ သကြားဓာတ်စစ်ဆေးခြင်း)၊
- Thyroid Screening(TSH)(လည်ပင်းကြီးရောဂါ ရှိ/မရှိ စစ်ဆေးခြင်း)၊
- Hepatitis Viral Screening(HBsAg, HCVAb)(အသည်းရောင်အသား၀ါဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်း)၊
- HIV Ab(ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး စစ်ဆေးခြင်း)၊
- VDRL(ကာလသားရောဂါပိုးစစ်ဆေးခြင်း)၊
- Hb Electrophoresis(မွေးရာပါသွေးနီဥကွဲရောဂါစစ်ဆေးခြင်း)၊
- USG(Abd+pelvis)(ဝမ်းဗိုက်တခုလုံးအားအသံလှိုင်းရောဂါရှာဖွေခြင်း)တို့ပါဝင်ပါသည်။
Program(အစီအစဉ်) |
Pre Pregnancy | |
---|---|---|
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း | Physical Examination | |
မျက်စိစမ်းသပ်စစ်ဆေးခြင် (မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) | Eye Test | |
နားအကြားအာရုံစစ်ဆေးခြင်း | Hearing Test | |
သွေးဆဲလ်များအား ဓာတ်ခွဲစစ်ဆေးခြင်း | Complete Blood Picture | |
သွေးအုပ်စုစစ်ဆေးခြင်း | ABO/ Rh Grouping | |
အစာမစားမီ သွေးထဲရှိ သကြားဓာတ် တိုင်းတာခြင်း | FBS | |
အစာစားပြီး(၂)နာရီကြာ သကြားဓါတ်စစ်ဆေးခြင်း | 2HPPBS | |
သိုင်းရိုက်ဟော်မုန်းဓါတ်စစ်ဆေးခြင်း | TSH | |
အသည်းရောင်အသားဝါ (ဘီ)ပိုး ရှိ/မရှိ စစ်ဆေးခြင်း | HBsAg | |
အသည်းရောင်အသားဝါ (စီ)ပိုး ရှိ/မရှိ စစ်ဆေးခြင်း | HCV Ab | |
ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး ရှိ/မရှိ စစ်ဆေးခြင်း | HIV Ab | |
ကာလသားရောဂါပိုးစစ်ဆေးခြင်း | VDRL | |
မွေးရာပါ သွေးနီဥကွဲရောဂါ စစ်ဆေးခြင်း | Hb Electrophoresis | |
ဝမ်းဗိုက်တခုလုံးအား အသံလှိုင်ဖြင့် ရောဂါရှာဖွေခြင်း | USG (Abd + pelvis) |
သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)
- ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
- သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
- ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
- ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။
BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)