World Mental Health Day –2024
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့သည် နှစ်စဉ်အောက်တိုဘာလ (၁၀)ရက်နေ့တွင် ပုံမှန်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိစိတ်ကျန်းမာရေးပြဿနာများနှင့်ပတ်သက်၍ အသိပေးမှုတိုးမြှင့်စေရန်၊ စိတ်ကျန်းမာရေး အခြေနေပေါ်မူတည်၍ အချိန်မတန်မီ သေဆုံးရခြင်းများ၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “It is Time to Prioritize Mental Health in the Workplace” ဖြစ်ပါသည်။ စိတ်ကျန်းမာရေးသည် ခန္ဓာကိုယ်ကျန်းမာရေးကဲ့သို့ပင်အရေးကြီးသောကြောင့် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဦးစားပေးစေရန် လိုအပ်သော အခြေအနေများကို ဝိုင်းဝန်ကူညီစောင့် ရှောက်ပေးကြပါစို့ဟုတိုက်တွန်းနှိုးဆော်ရင်း အောက်တိုဘာ (၁၀)ရက်နေ့တွင် ကျရောက်သော World Mental Health Day အား ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”