World Breastfeeding Week
ကမ္ဘာ့တစ်ဝန်းတွင် နို့တိုက်မိခင်များနေ့ကို နှစ်စဉ် ဩဂုတ်လ (၁) ရက်နေ့မှ ဩဂုတ်လမှ (၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ မိမိရင်သွေးငယ်များ၏ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိစေရန်အတွက် မွေးဖွားချိန်ပထမ ခြောက်လအတွင်းသီးသန့် မိခင်နို့တိုက်ခြင်းကိုမြှင့်တင်ရန်ရည်ရွယ်ချက်နှင့် အနည်းဆုံး (၁)နှစ် နှင့် (၂)နှစ် သို့မဟုတ် ထိုထက်မက မိခင်နို့တိုက်ကျွေးခြင်းကိုပြုလုပ်နိုင်ရန်အတွက် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
မိခင်နို့တိုက်ကျွေးခြင်းအကျိုးကျေးဇူးများမှာ
ကလေး၏ပထမဦးဆုံးခြောက်လအတွက်လိုအပ်သမျှ အာဟာရများကို ဖြည့်ဆည်းပေးပြီးအရွယ်ရောက် ကြီးပြင်းလာပြီးနောက်ပိုင်း အဝလွန်နိုင်ခြေနှင့် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေနိုင်ခြင်း၊
မွေးကင်းစကလေးများနှင့် နို့စို့ကလေးများတွင် သေဆုံးမှုကိုလျော့နည်းစေပြီး ကလေးငယ်များ၏ ကျန်းမာရေးနှင့် ဦးနှောက်ဖွံ့ဖြိုးမှု၊ အရိုးဖွံ့ဖြိုးမှု အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ခြင်း၊
မိခင်နို့တွင် ပဋိပစ္စည်းများပါဝင်ပြီး ကူးစက်ရောဂါတိုက်ဖျက်ရန် ကူညီပေးသည့် သွေးဆဲလ်ဖြူများလည်းပါရှိခြင်းကြောင့် အသက်ရှူလမ်းကြောင်းကူးစက်ခြင်း၊ အစာအိမ်ရောင်ရောဂါနှင့် Necrotizing Enterocolitis တို့အပါအဝင် ကလေးငယ်၏ သာမန်ကလေးရောဂါအန္တရာယ်ကို လျော့နည်းစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေနိူင်ပါသည်ခင်ဗျာ။
မိခင်နို့တိုက်ကျွေးခြင်းသည် ကလေးငယ်များ၏ ပထမဆုံးကာကွယ်ဆေးအဖြစ်လည်းဆောင်ရွက်ပြီး ကလေးဘဝရောဂါများကို ကာကွယ်ပေးနိုင်ပါသည်။ ရင်သွေးငယ်များ အနာရောဂါကင်းဝေးပြီးကျန်းမာပျော်ရွှင် ခွန်အားပြည့်စေဖို့အတွက် မိခင်နို့ရည်ကို မိမိရင်သွေးအားတိုက်ကျွေးရန် နှိုးဆော်သောအားဖြင့် ဩဂုတ်လ ၁ ရက်မှ ၇ ရက်အထိတွင် ကျရောက်သော “World Breastfeeding Week” အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 09441144886 (Officer Hour)
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။