World Hypertension Day (May-17) 2024
World Hypertension Day သည် သွေးတိုးရောဂါဟုလူသိများသော သွေးတိုးရောဂါအကြောင်း သတိပြုမိ စေရန်၊ စောစီးစွာသိရှိပြီး ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်၊ သွေးပေါင်ချိန်ကိုပုံမှန်စစ်ဆေးခြင်းဖြင့် ပြင်းထန်သော ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ခြေကိုလျှော့ချနိုင်ကြောင်း အသိပညာပေးနိုင်ရန် ရည် ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “ Measure your Blood Pressure Accurately, Control it, Live Longer “ ဖြစ်ပါသည်။ နှစ်စဉ် မေလ (၁၇) ရက်နေ့တွင်ကျင်းပပြုလုပ်သော World Hypertension Day အား ဗဟိုရ်စည်ဆေးရုံကြီးဝန်ထမ်းများမိသားစုမှ သွေးတိုးရောဂါ ကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
သွေးတိုးရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ
သွေးတိုးရောဂါသည် နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် လေဖြတ်ခြင်း၊ နာတာရှည် ကျောက်ကပ်ရောဂါ များ၊ နှလုံးချို့ယွင်းမှုများနှင့် စိတ်ကျဝေဒနာများကိုဖြစ်စေနိုင်ပြီး အချိန်မတန်မီသေဆုံးခြင်းများကိုပါ ဖြစ်ပေါ် စေနိုင်ပါသည်။
သွေးတိုးရောဂါကိုကာကွယ်ပါ
သွေးတိုးရောဂါကို ကာကွယ်သောအားဖြင့် ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ် သော အစားအစာများကိုစားခြင်း၊ ဆားစားသုံးမှုကိုလျှော့ချခြင်း၊ ဆေးလိပ်နှင့် အရက်ကိုရှောင်ကြဉ်ခြင်းဖြင့် သွေးပေါင်ချိန်မြင့်မားမှုကို တားဆီးထိန်းချုပ်နိုင်ကြောင်း ပညာရှင်များကဆိုထားပါသည်။
ထို့ကြောင့် သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးခြင်းဖြင့် သွေးတိုးရောဂါကို စောစီးစွာသိရှိစေနိုင်ပြီး ၎င်းနှင့်ဆက်နွယ်သော ကျန်းမာရေးပြဿနာများကိုကြိုတင်ကာကွယ်နိုင်ကာ ကျန်းမာရေးရလဒ်များကို တိုးတက်ကောင်းမွန်စေနိုင်ပြီး အသက်ရှည်ရှည်နေနိုင်မည်ဖြစ်ပါကြောင်း ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 09441144886 (Officer Hour)
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။