အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် မတ်လ(၈)နေ့တွင် ပုံမှန်ကျင်းပလေ့ရှိသော ကမ္ဘာလုံးဆိုင်ရာ နေ့တစ်နေ့ဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ Inspire Inclusion ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိအမျိုးသမီးများအား ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှကာကွယ်ရန်၊ ကျားမတန်းတူအခွင့်အရေးရရှိရန်၊ အမျိူးသမီးများ၏ ဘဝကိုမြှင့်တင်ရန်နှင့် အမျိုးသမီးများ၏အောင်မြင်မှုကိုဂုဏ်ပြုရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သော International Women’s Dayအား ပါဝင်လှုံ့ဆော်သောအားဖြင့် ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။