မင်္ဂလာပါခင်ဗျ
ပျော်ရွှင်ကြည်နူးဖွယ်ရာအစီအစဉ်များအနက် (၁၅.၂.၂၀၂၅ ) ရက်နေ့တွင် ဗဟိုရ်စည်ဆေးရုံကြီးရှိ SPF Committee မှ ကျင်းပပြုလုပ်ခဲ့သော ဝန်ထမ်းများအနာဂတ်သာယာရေးရံပုံငွေ ထည့်ဝင်စုဆောင်းထားသည့် ဝန်ထမ်းများအား ဗလာမပါကံစမ်းမဲနှိုက်ခြင်းကိုပျော်ရွှင်စွာကျင်းပခဲ့ကြပါသည်။ စုဆောင်းသည့် သက်တမ်း သုံးနှစ်အောက်နှင့် သုံးနှစ်အထက် ဝန်ထမ်းများအား ဗလာမပါဆုငွေ ကံစမ်းမဲ (အနိမ့်ဆုံး ၃၀,၀၀၀ကျပ်မှ အမြင့်ဆုံး ၃၀၀,၀၀၀ ကျပ်) တို့အားဝန်ထမ်းများက ရင်ခုန်မျှော်လင့်ချက်များဖြင့် မဲနှိုက်ခဲ့ကြပါသည်။ ထိုမဲနှိုက်ကြရာတွင် အတိုးနှုန်းသက်သာစွာချေးပေးသော ချေးငွေချေးယူလိုသည့် ဝန်ထမ်းများအား သိန်း (၂၀၀) ကျပ်၊ သိန်း (၁၅၀)ကျပ်၊ သိန်း(၁၀၀)ကျပ်နှင့် သိန်း (၅၀)ကျပ် မဲတို့ကိုလည်းရင်ခုန်မျှော်လင့်ချက်များဖြင့် ဝန်ထမ်းများကမဲနှိုက်ခဲ့ကြပါသည်။ ထိုသို့ မဲနှိုက်ပွဲတွင် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒါရိုက်တာများကဆုချီးမြှင့် ပေး၍ ကျင်းပပြုလုပ်ပေးနေသော ဝမ်းမြောက်ဖွယ်မြင်ကွင်းများကို ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”