GOLD PACKAGE
ယနေ့အချိန်အခါ မိမိတို့ပတ်ဝန်းကျင်တွင် ကူးစက်စေသောရောဂါများ (သို့) မကူးစက်စေသောရောဂါများ (ဥပမာ-ကင်ဆာ/ အဝလွန်/နှလုံး)ဖြစ်ပွားမှုများသည် အသက်အရွယ် ၊ကျားမ မရွေးပိုမိုများပြားစွာဖြစ်ပွား သေဆုံးလျက်ရှိနေသည်ကို တွေ့ မြင်နေရပါတယ်။
“ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်ကောင်းမွန်သည်” ဆိုသည့်အတိုင်း မိမိတွင်ဖြစ်ပေါ်နိုင်သော ရောဂါများကို ကြိုတင်သိရှိမှသာ ကာကွယ်ခြင်း၊ စောလျင်စွာထိန်းချုပ်ကုသခြင်းဖြင့် အကုန်အကျနည်းပါးစွာ မိမိ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတို့ဖြင့် သက်တမ်းစေ့ ပျော်ရွှင်စွာဖြတ်သန်းနိုင်မည်ဖြစ်ပါတယ်။
Medical Check-up ပုံမှန်လုပ်ဆောင်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ပါတယ်-
- ရောဂါဖြစ်စေနိုင်သော Risk ကိုလျော့ချနိုင်ခြင်း၊
- ရောဂါကို ဆောလျင်စွာသိရှိနိုင်ခြင်း၊
- ရောဂါကို ဆောလျင်စွာ ကုသနိုင်ခြင်းဖြင့် ပျောက်ကင်းသက်သာစေနိုင်ခြင်း၊
- မိမိရှိရင်းစွဲရောဂါ အခံ၏ နောက်ဆက်တွဲဆိုးကျိုးကို စောင့်ကြည့်ထိန်းချုပ်နိုင်ခြင်း၊
- မိမိကျန်းမာရေးအခြေအနေကို မျက်ခြေမပျက် စောင့်ကြည့်နေနိုင်ခြင်း၊
- ရောဂါရင့်မှ ကုသရခြင်းထက် ကုန်ကျမှုစရိတ်သက်သာစေခြင်း၊
- မိမိကျန်းမာရေးအတွက် ဆရာဝန်များဖြင့် ပိုမိုတိုင်ပင်နိုင်ခြင်း၊
- အသက်ရှည်ရာ အနာမဲ့ကြောင်းဖြင့် Quality of Life ကို ပိုမိုရရှိနိုင်ခြင်း ဆိုတဲ့အကျိုးကျေးဇူများကိုရရှိစေနိုင်မှာဖြစ်ပါတယ်။
အနယ်နယ်အရပ်ရပ်က မိဘပြည်သူများ၏ ကျန်းမာရေးနှင့်ပတ်သက်သည့် ကိစ္စအဝဝကိုသိရှိစေရန်အတွက် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up Unit တွင် အသက်(၃၀)နှစ် မှ (၄၅) နှစ် အမျိုးသား၊ အမျိုးသမီးများအတွက် Gold Package များဖြင့်စစ်ဆေးနိုင်မည်ဖြစ်ပြီး ခေတ်မီစက်ကိရိယာများကိုအသုံးပြုကာ ကျွမ်းကျင်သောအထူးကုဆရာဝန်၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။ Medical Check-Up ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရောဂါအခြေအနေများကိုသိရှိနိုင်ပြီး ထိုသို့သိရှိပြီးပါက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးတိုင်ပင်ကာ ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်မည်ဖြစ်ပါသည်။
Program(အစီအစဉ်) Age(အသက်အပိုင်းအခြား) |
Gold Package | ||
---|---|---|---|
30-45 | |||
ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း နှင့် စစ်ဆေးမှုမှတ်တမ်း | Physical Examination & Reporting |
|
|
မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) | Eye Exam Screening |
|
|
နားအကြားအာရုံစစ်ဆေးခြင်း | Hearing Screening |
|
|
သွေးဆဲလ်များအားဓါတ်ခွဲစစ်ဆေးခြင်း | Complete Blood Picture |
|
|
အစာမစားမီ သွေးထဲရှိသကြားဓါတ်အားတိုင်းတာခြင်း | FBS |
|
|
လွန်ခဲ့သော သုံးလအတွင်း ပျမ်းမျှသွေးထဲရှိ သကြားဓါတ်ထိန်းနှုန်း | HbA1C |
|
|
အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း (Liver Function Test) | SGPT |
|
|
SGOT |
|
||
Alkaline Phosphatase |
|
||
ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း Kidney Function Test | BUN / Urea |
|
|
ကျောက်ကပ်လုပ်ဆောင်ချက်စစ်ဆေးခြင်း Kidney Function Test | Creatinine |
|
|
ဂေါက်၊ ဒူလာရောဂါ ရှိ/မရှိစစ်ဆေးခြင်း | Uric Acid |
|
|
သွေးထဲရှိအဆီဓါတ်တိုင်းတာခြင်း(Lipid Profile) | Cholesterol |
|
|
Triglyceride |
|
||
HDL |
|
||
LDL |
|
||
VLDL |
|
||
C/H Ratio |
|
||
ဆီးစစ်ဆေးခြင်း | Urine Exam |
|
|
ရင်ဘတ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း | Digital Chest X-ray(PA) |
|
|
အီးစီဂျီစစ်ဆေးခြင်း | ECG |
|
|
ဝမ်းဗိုက်တစ်ခုလုံးအားအသံလှိုင်းသုံးရောဂါရှာဖွေခြင်း | USG (Abd+Pelvis) |
|
|
အသည်းရောင်အသားဝါ(ဘီ)ပိုးစစ်ဆေးခြင်း | HBsAg(Strip Test) |
|
|
အသည်းရောင်အသားဝါ(စီ)ပိုးစစ်ဆေးခြင်း | HCV Ab(Strip Test) |
|
သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)
- ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
- သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
- ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
- ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။
BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)