GENERAL PACKAGE
အထွေထွေကျန်းမာရေးစစ်ဆေးခြင်း
မိဘပြည်သူများ၏ကျန်းမာရေး အမြဲထာဝစဉ်ကောင်းမွန်စေရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ ဇီဝလုပ်ဆောင်မှုများ အားလုံးပုံမှန်လုပ်ဆောင်မှုရှိမရှိကို သိရှိနိုင်ရန်နှင့် မိမိအသက်အရွယ်၊ မိသားစုရာဇဝင်နှင့် မိမိနေထိုင်မှုပုံစံပေါ်မူတည်ပြီး အနည်းဆုံး(၆)လတစ်ကြိမ် (သို့မဟုတ်) (၁)နှစ်တစ်ကြိမ် ကျန်းမာရေးကို ကြိုတင်ပုံမှန်စစ်ဆေးသင့်ပါသည်။ ကျန်းမာရေးကို ပုံမှန်ကြိုတင်စစ်ဆေးခြင်းကြောင့် သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ ကိုလက်စထရော၊ ယူရစ်အက်ဆစ်၊ နှလုံးရောဂါစသည့် (တိတ်ဆိတ်တဲ့လူသက်သမား) ကဲ့သို့သော အရေးကြီးသောရောဂါများနှင့် ကျန်းမာရေးပြဿနာ၏အစောပိုင်း ရောဂါလက္ခဏာများကို ခွဲခြားသိမြင်နိုင်မှာဖြစ်ပြီး ကြိုတင်ကာကွယ်မှုများကိုပြုလုပ်နိုင်မှာဖြစ်ပါသည်။ တစ်ချို့ရောဂါများသည် စဖြစ်ချိန်တွင်ရောဂါလက္ခဏာမပြဘဲ ရောဂါအဆင့်လွန်မှသာ ရောဂါလက္ခဏာပြသောကြောင့် ငွေကြေးပိုကုန်ကာ အချိန်ပိုပေးရနိုင်ပါသည်။ ထို့ကြောင့်ဗဟိုရ်စည်ဆေးရုံကြီးတွင် မိဘပြည်သူများ၏ကျန်းမာရေးအခြေအနေများကို ကြိုတင်သိရှိနိုင်ရန်အတွက် ကျွမ်းကျင်သောဆရာဝန်ဆရာများနှင့် ကျန်းမာရေးဝန်ထမ်းများက နိုင်ငံတကာမှတင်သွင်းသော နောက်ဆုံးပေါ်စက်ကိရိယာများကိုအသုံးပြုကာ မိဘပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို အကောင်းဆုံးဝန်ဆောင်မှုပေးကာ ရောဂါ၏အစောဆုံးအဆင့် ရောဂါအခြေအနေများကို စစ်ဆေးဆောင်ရွက်ပေးနေပါသည်။
| Program(အစီအစဉ်) | General | |
|---|---|---|
| ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေးမှုမှတ်တမ်း | Physical Examination & Reporting |
|
| မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) | Eye Exam Screening |
|
| နားအကြားအာရုံစစ်ဆေးခြင်း | Hearing Screening |
|
| အစာမစားမီသွေးထဲရှိသကြားဓါတ်အားတိုင်းတာခြင်း | FBS |
|
| ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း Kidney Function Test | Creatinine |
|
| သွေးထဲရှိအဆီဓာတ်စစ်ဆေးခြင်း | T-Cholesterol |
|
| ဂေါက်ရောဂါ ရှိ/မရှိ စစ်ဆေးခြင်း | Uric Acid |
|
| ဆီးစစ်ဆေးခြင်း | Urine Exam |
|
| ဝမ်းစစ်ဆေးခြင်း | Stool Exam |
|
| အီးဆီဂျီစစ်ဆေးခြင်း | ECG |
|
| ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း | Digital Chest X-ray(PA) |
|
| ဝမ်းဗိုက်တစ်ခုလုံးအားအသံလှိုင်းသုံးရောဂါရှာဖွေခြင်း | Ultrasound(Abdomen+pelvic) |
|
| မနက်စာစားသုံးခွင့်ကူပွန် | Breakfast Coupon |
|
သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)
- ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
- သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
- ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
- ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။
BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)
