DIABETES CARE PACKAGE
ဆီချိုသွေးချိုကျန်းမာရေးစစ်ဆေးခြင်း
ကမ္ဘာပေါ်တွင်အဖြစ်များဆုံးရောဂါများထဲမှာ ဆီးချိုသွေးချိုရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဆီးချိုရောဂါမှာ Type 1 Diabetes, Type 2 Diabetes ရှိပြီး ဆီးချိုရောဂါခံစားရသူ (၉၀%) သည် Type 2 အမျိုးအစား ဝေဒနာရှင်များဖြစ်ပါသည်။ ဆီးချိုသွေးချိုရောဂါသည် အသက်အရွယ်မရွေး အချိန်အခါမရွေးဖြစ်ပွါးတတ်သောကြောင့် ဌင်း၏ရောဂါလက္ခဏာများကို စောစီးစွာသိထားခြင်းဖြင့် အချိန်မလွန်မီကာကွယ်ထားနိုင်မည်ဖြစ်ပါသည်။ စောစီးစွာသိရှိထားခြင်းဖြင့် နာတာရှည်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ဆီးချိုရောဂါသည် အခြားအသက်အန္တာယ်ရှိသော နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနှင့် လေဖြတ်ခြင်းကိုပါဆက်တိုက်ဖြစ်စေနိုင်ပြီး အမျိုးသမီးများအနေဖြင့်ကိုယ်ဝန်ဆောင်သောအချိန်တွင်ဆီးချိုရောဂါဖြစ်ပါက ကိုယ်ဝန်ပျက်ကျနိုင်ခြင်း၊ ကလေးမွေးဖွားလာပါက ကလေးမှာကိုယ်အလေးချိန်လွန်ကဲပြီး(၉ ပေါင်နှင့်အထက် )ရှိကာ ကလေးတွင် အဆုတ်ပွခြင်း၊ အသက်ရှုလမ်းကြောင်းများပုံမှန်အလုပ်မလုပ်ခြင်း စသည်ရောဂါဖြစ်တတ်သောကြောင့် လုံးဝမပေါ့ဆသင့်သောရောဂါတစ်ခုဖြစ်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-up ဌာနတွင် Diabetes Check-Up Package များအတွက်(၂၄)နာရီပတ်လုံးပိတ်ရက်မရှိ သင့်တင့်သောနှုန်းထားများဖြင့် အဖြေများကိုအမြန်ဆုံးနှင့် အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးလျက် ရှိပါတယ်ခင်ဗျာ။
| Program(အစီအစဉ်) | Diabetes care | |
|---|---|---|
| ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း နှင့် စစ်ဆေးမှုမှတ်တမ်း | Physical Examination & Reporting |
|
| မျက်စိစမ်းသပ်စစ်ဆေးခြင်း(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) | Eye Exam Screening |
|
| နားအကြားအာရုံစစ်ဆေးခြင်း | Hearing Screening |
|
| အစာမစားမီသွေးထဲရှိသကြားဓါတ်တိုင်းတာခြင်း | FBS |
|
| အစာစားပြီး(၂)နာရီကြာသကြားဓါတ်စစ်ဆေးခြင်း | 2HPPBS |
|
| (၃)လအတွင်းဆီးချိုထိန်းသိမ်းမှုကိုတိုင်းတာခြင်း | HbA1C |
|
| ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း Kidney Function Test | Postassium, Sodium, Creatinine |
|
| ကယ်လ်ဆီယမ်ဓာတ်တိုင်းတာခြင်း | Calcium |
|
သွေးထဲရှိအဆီဓာတ်တိုင်းတာခြင်း(Lipid Profile) |
Cholesterol |
|
| Triglyceride |
|
|
| HDL |
|
|
| LDL |
|
|
| VLDL |
|
|
| C/H Ratio |
|
|
| ဂေါက်ရောဂါ ရှိ/မရှိ စစ်ဆေးခြင်း | Uric Acid |
|
| ဆီးစစ်ဆေးခြင်း | Urine Exam |
|
| ဆီးထဲတွင်အသားဓာတ်စစ်ဆေးခြင်း | Urine for microalbumin |
|
| အီးစီဂျီစစ်ဆေးခြင်း | ECG |
|
| ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း | Digital Chest X-ray(PA) |
|
| ဝမ်းဗိုက်တစ်ခုလုံးအားအသံလှိုင်းဖြင့်ရောဂါရှာဖွေခြင်း | Ultrasound(Abdomen+pelvic) |
|
| မနက်စာစားသုံးခွင့်ကူပွန် | Breakfast Coupon |
|
သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)
- ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
- သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
- ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
- ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။
BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)
