CHRONIC WEAKNESS PACKAGE
နာတာရှည်အားနည်းခြင်းအတွက်ကျန်းမာရေးစစ်ဆေးခြင်း
နာတာရှည်အားနည်းခြင်းရောဂါလက္ခဏာများသည် လူတစ်ဦးနှင့်တစ်ဦးကွဲပြားနိုင်ပြီး ရောဂါလက္ခဏာ၏ပြင်းထန်မှုမှာလည်း ကွဲပြားခြားနားနိုင်ပါသည်။ နာတာရှည်အားနည်းခြင်းမှာယေဘုယျအားဖြင့် ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါများပျက်စီးခြင်းကြောင့်သော်လည်ကောင်း၊ ကိုယ်ခံအား စနစ်များချို့ယွင်းခြင်းကြောင့်သော်လည်ကောင်း၊ ပုံမှန်မဟုတ်သောသွေးဟော်မုန်း မညီမျှမှုကြောင့်သော်လည်ကောင်း၊ ထိခိုက်ဒဏ်ရာ ခွဲစိတ်ကုသမှုများ (ကာယပိုင်းဆိုင်ရာ)နှင့် စိတ်ဖိစီးမှု(စိတ်ပိုင်းဆိုင်ရာ)များကြောင့်သော်လည်ကောင်း ဖြစ်ပေါ်နိုင်ပါသည်။ နာတာရှည်အားနည်းခြင်းသည် မည်သည်အသက်အရွယ်တွင်မဆိုဖြစ်ပေါ်နိုင်ပြီး အများအားဖြင့် လူလတ်ပိုင်းနှင့်လူကြီးပိုင်းများတွင် အဖြစ်များဆုံးဖြစ်နိုင်ပါသည်။ ထိုသို့သော နာတာရှည်အားနည်းခြင်းရောဂါများမဖြစ်ပေါ်စေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Chronic Weakness Check-Up Package များဖြင့်ဝန်ဆောင်မှုပေးနေပြီး ကျွမ်းကျင်သောဆရာဝန်ဆရာမများ ကျန်းမာရေးဝန်ထမ်းများက ခေတ်မီစက်ကိရိယာများကိုအသုံးပြု၍ အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေးနေပါသည်။
| Program(အစီအစဉ်) | Chronic Weakness | |
|---|---|---|
| ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေးမှုမှတ်တမ်း | Physical Examination & Reporting |
|
| မျက်စိစမ်းသပ်စစ်ဆေးခြင်(မျက်စိပါဝါစစ်ဆေးခြင်းမပါဝင်ပါ) | Eye Exam Screening |
|
| နားအကြားအာရုံစစ်ဆေးခြင်း | Hearing Screening |
|
| ခန္ဓာကိုယ်အတွင်းအင်္ဂါရပ်များရောင်ရမ်းမှု တိုင်းတာခြင်း | hsCRP |
|
| သွေးဆဲလ်များအား ဓာတ်ခွဲစစ်ဆေးခြင်း | Complete Blood Picture |
|
| (၃)လအတွင်းဆီးချိုထိန်းသိမ်းမှုကိုတိုင်းတာခြင်း | HbA1C |
|
| အသည်းလုပ်ဆောင်ချက်စစ်ဆေးခြင်း | Liver Function Test |
|
| ကျောက်ကပ်လုပ်ဆောင်ချက် စစ်ဆေးခြင်း Kidney Function Test | BUN/Urea, Creatinine |
|
| သွေးတွင်းသတ္တုဓာတ်တိုင်းတာခြင်း Electrolyte | Sodium & Potassium | NA+K |
| လည်ပင်ကြီးရောဂါ ရှိ/မရှိ စစ်ဆေးခြင်း Thyroid Screening | TSH |
|
| ဗီတာမင် (B12)ဓာတ် တိုင်းတာခြင်း | Vitamin B12 |
|
| ဗီတာမင် (ဒီ)ဓာတ် တိုင်းတာခြင်း | Vitamin D |
|
| ဆီးစစ်ဆေးခြင်း | Urine Exam |
|
| ဝမ်းစစ်ဆေးခြင်း | Stool Exam |
|
| ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း | Digital Chest X-ray (PA) |
|
| ဝမ်းဗိုက်တခုလုံးအား အသံလှိုင်းဖြင့် ရောဂါရှာဖွေခြင်း | Ultrasound (Abdomen+Pelvic) |
|
| မနက်စာစားသုံးခွင့်ကူပွန် | Breakfast Coupon |
|
သတိပြုရန်နှင့် ကြိုတင်ပြင်ဆင်ရန် (for Preparation)
- ဆေးမစစ်မီ အနည်းဆုံး (၈) နာရီကြိုတင်၍ အစာ/အရည် မစားမသောက်ပါရန် (Please do not consume any food nor drink at least 8 hr prior to the test)
- သင့်ကျန်မာရေး စစ်ဆေးရာတွင် အဆင်ပြေချောမွေ့စေရန် ကြိုတင်ရက်ချိန်းယူပါရန် (For Your convenience , Please make an appointment beforehand )
- ဗဟိုရ်စည်ဆေရုံတွင်တနင်္ဂနွေနေ့ မှအပနေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၄ နာရီအထိ ကျန်းမာရေးစစ်ဆေးနိုင်ပါသည်။ (Medical Check-up Program can be performed 8 AM to 4 PM daily)
- ဗဟိုရ်စည်ဆေးရုံသည် အထက်ပါစျေးနှုန်းများအား ကြိုတင်အကြောင်းမကြားဘဲ ပြောင်းလဲသတ်မှတ်ခွင့်ရှိပါသည်။
BAHOSI HOSPITAL, Monday To Saturday(8:00AM – 4:00PM) အတွင်းသာ (01 2300631, Ext-4504, 4505), 4001, 4002 (ရုံးချိန်ပြင်ပ)
