⛳️OSA
👉အဆိုပါရောဂါသည် ညအိပ်ပျော်နေစဥ် လေပြွန်ရှိကြွက်သားများပြေလျော့သွားကာ အသက်ရှုလမ်းကြောင်း ပိတ်သွားခြင်းဖြစ်သည်။ အသိသာဆုံးလက္ခဏာမှာ အိပ်ပျော်နေစဥ်ဟောက်ခြင်းဖြစ်သည်။ OSA တွင် ထိုအသက်ရှုရပ်ခြင်းသည် တစ်ခါရပ်လျှင် ၁၀ စက္ကန့်မှ ၁ မိနစ်ကျော်အထိဖြစ်ပေါ် နိုင်ပြီး တစ်ညလုံးတွင်အကြိမ်များစွာ ရာချီ၍ဖြစ်ပေါ်နေတတ်သည်။ အိပ်ပျော်နေစဥ် အသက်ရှုရပ်ခြင်း Sleep apnoea ရှိ၊ မရှိကို ဆရာဝန်ညွှန်ကြားချက်ဖြင့် တစ်ညတာ Sleep Test လုပ်ခြင်းဖြင့် အလွယ်တကူ သိရှိနိုင်ပါသည်။ Sleep Test ဆိုသည်မှာ အိပ်ပျော်နေစဥ် စက်တပ်၍ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသာ အိပ်စက်ခြင်းနှင့်ပတ်သက်သည့်ဇီဝကမ္မ အနေထားများကို တိုင်းတာခြင်းဖြစ်သည်။ အဓိကအားဖြင့် အိပ်ပျော်နေစဥ် အသက်ရှုရပ်/မရပ်၊ သွေးတွင်း အောက်စီဂျင်ကျ/မကျ၊ အသက်ရှုနှုန်း နှင့် နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ အသက်ရှုရပ်သွားပါကလည်း ရပ်သွားသည့်ကြာချိန်နှင့် ရပ်တန့်မှုအမျိုးအစား၊ အိပ်နေစဥ် နိုးမနိုး၊ ဟောက်မဟောက်၊ ခန္ဓာကိုယ်ပုံစံ အနေအထား၊ ရင်ဘတ်နှင့် ဝမ်းဗိုက် လှုပ်ရှားမှုများကို တိုင်းတာမှတ်သား ထားခြင်းဖြစ်သည်။ အဆင့်မြင့်တိုင်းတာမှုများတွင် ဦးနှောက်လှိုင်းများ (EEG)၊ နှလုံးခုန်လှိုင်းများ (ECG)၊ ခြေလက် လှုပ်ရှားမှုများ၊ ခန္ဓာကိုယ်လှည့်ခြင်း စသည်တို့ကိုပါ အတိအကျတိုင်းတာမှတ်တမ်းတင်နိုင်ပါသည်။ Sleep test မှ ၁ နာရီတွင် ၁၅ ကြိမ်နှင့်အထက် အသက်ရှုရပ်တန့်သွားခြင်း (15 apnea or hypoapnea/hr)၊ ၁ကြိမ်ရပ်လျှင် ၁၀ စက္ကန့်နှင့်အထက် ကြာမြင့်ခြင်းတို့ဖြစ်ပါက moderate sleep apnoea/hypoapnea syndrome လို့ ခေါ်ဆိုနိုင်သည်။
👉ယခုအခါ OSA ရောဂါအတွက် Sleep Study စစ်ဆေးခြင်းများဖြစ်သော Level I & III များကို ဗဟိုစည်ဆေးရုံ၌ ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည်။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
☎Phone – 01-2300631 (Hot Line),
📱Phone – 09-940730301
📧Email: bahosihospital@gmail.com
📧Web Mail: bahosihospital@bahosihospital.com
🛰Website: www.bahosihospital.com
🏥အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။